ပေါက်ခေါင်း ၁၅  မေ      


ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့ မြို့မစာကြည့်တိုက်နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း(ပေါက်ခေါင်းမြို့) တို့မှ ဦးဆောင်ကျင်းပသည့် စာပေပြန့်ပွားရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို မေလ ၁၆ ရက်မှ ၂၀ ရက်နေ့ထိ ပေါက်ခေါင်းမြို့နယ်စည်ပင်သာရေးရုံးရှေ့တွင် နေ့စဉ်နံနက် ၉ နာရီမှ ည ၉ နာရီထိ စာအုပ်ဈေးရောင်းပွဲတော်ကျင်းပ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါဈေးရောင်းပွဲတော်တွင် ရန်ကုန်မြို့ ရဲတံခွန်စာပေ၊ သုခဘုံစာပေ၊ နိုင်နိုင်စာပေ၊ ကံ့ကော်စာပေနှင့် ဇော်စာပေ စာအုပ်ဆိုင် အပါအဝင် စာအုပ်ဆိုင်(၁၂) ဆိုင်မှ သုတ၊ ရသ၊ ပုံပြင်၊ ဘာသာရေးစာပေနှင့် ကလေးစာပေ စာအုပ်များကို ပထမအကြိမ် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။


သန်းထွန်းအောင်(ပြန်/ဆက်)