ပေါက်ခေါင်း ၂ ဇွန်
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၉ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေ ၆ ရက်မှစတင်၍ တောင်သူများထံသို့ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရာတွင် ၂၀၁၈ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ပေးဆပ်ပြီးသည့် တောင်သူများကိုသာ ထုတ်ချေးပေးလျက်ရှိရာ မေ ၃၁ ရက်အထိ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇)အုပ်စုမှ တောင်သူ ၆၇၉ ဦး၏ လယ်မြေဧက ၂၀၃၆ ဧကအတွက် ကျပ် ၃၀၅၄၀ဝ၀ဝ၀ ကို ထုတ်ချေးပြီးဖြစ်ကြောင်း ဇွန် ၃ ရက်တွင်လည်း သဖန်းချိုကျေးရွာအုပ်စုရှိ တောင်သူများကို စိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေးပေးမည် ဖြစ်ကြောင်း ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)