ပေါက်ခေါင်း ၇ ဇွန်
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၁၉ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန် ပျိုးပင်(၈၂၀ဝ၀) ကို မြို့မပျိုးဥယျာဉ်တွင်ပျိုးထောင်ထားပြီး ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တစ်ဦးချင်းတစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများအား သစ်တောဦးစီးဌာနမှ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့အခမဲ့ဖြန့်ဝေပေးရာတွင် မြို့နယ်သစ်တောဦးစီးဌာနသို့ အကြောင်းအမျိုးမျိုးကြောင့် ပျိုးပင်များလာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့်ပြည်သူများ အခက်အခဲမဖြစ်စေရန်အတွက် ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိုးလှိုင် ဦးဆောင်သောအဖွဲ့များက ယနေ့နံနက်တွင် ပေါက်ခေါင်းမြို့ လူစည်ကားသည့်နေရာများဖြစ်သော မြို့လယ်ဗိုလ်ချုပ်ကျောက်ရုပ်အနီး ပတ်ဝန်းကျင်၊ မြို့မဈေးနှင့်အခြားနေရာများသို့ ကျွန်း၊ မန်ဂျန်ရှား၊ ပုန်းညက်၊ ခရေ စသည့်ပျိုးပင်များကို မော်တော်ယာဉ်များနှင့် ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)


