ပေါက်ခေါင်း ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပညာရှင် ကွင်းဝန်ထမ်းများသည် မစိုးရိမ်ကျေးရွာအုပ်စု ဆင်ဖြူကန်ကျေးရွာရှိ ဒေသခံ တောင်သူများနှင့် ပူးပေါင်း၍ ဆင်းရွှေကြာ(၂) နေကြာမျိုးအား Phenotypic Recurrent Mass Selection နည်းစနစ်ဖြင့် မျိုးကောင်းမျိုးသန့် ထိန်းသိမ်းမြှင့်တင်ခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၅ ရက်က ကွင်းဆင်း ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဝန်ထမ်းများက တောင်သူများအား ဆင်းရွှေကြာ (၂) နေကြာမျိုး၏ မူလမျိုးဗီဇ လက္ခဏာများ သန့်စင်လာစေရုံ သာမက ပင်စည်သန်မာမှု၊ ရောဂါ ဒဏ်ခံနိုင်မှုနှင့် အစေ့တည်မှု အားကောင်းသည့် မျိုးစေ့များကို ရရှိစေမည်ဖြစ်ကြောင်းနှင့် ပြင်ပမှ မျိုးစေ့ဝယ်ယူရသည့် ကုန်ကျစရိတ်ကို လျှော့ချနိုင်ပြီး ဒေသတွင်း ဆီထွက်သီးနှံကဏ္ဍကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)


