ပေါက်ခေါင်း ဇွန် ၁၀

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ရပ်သစ်ကျေးရွာအုပ်စု၊ စိုင်ဂေါင်းကျေးရွာ တောင်သူဦးမြင့်လှိုင်၏ ကွင်းအမှတ်(၆၄၁) လယ်မြေတွင် နွေစပါး(ရတနာတိုး) စပါးမျိုး ၂ ဧကခွဲတွင် ဇွန် ၁၀ ရက် နံနက်ပိုင်းက ရိတ်သိမ်းခြွေလှေ့စက်ဖြင့် နွေစပါးစံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း အစိုတင်း ၁၂၂ ဒသမ ၈၂ တင်းထွက်ရှိကြောင်း သိရသည်။

 

အဆိုပါနွေ စပါးစံကွက်ရိတ်သိမ်းရာသို့ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စိုက်ပျိုးရေး မွေးမြူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းမင်းထွန်းနှင့် ဝန်ထမ်းများ၊ မြေစာရင်းဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ကျေးရွာအုပ်စုရှိ တောင်သူများက ကြည့်ရှုအားပေးကြသည်။ ပေါက်ခေါင်းမြို့နယ်အနေဖြင့် ယခုနှစ် နွေစပါးလျာထား ၁၁၄၂၄ ဧကတွင် ၁၁၄၄၆ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ရတနာတိုးစပါးမျိုး၊ ရက်(၉၀)၊ ထိုင်းနှံကောက်၊ ရေအနဲလို(၇)၊ ဗီယက်နမ် စသည့်စပါးမျိုးများကို စိုက်ပျိုးကြကြောင်း သိရသည်။

 

သန်းထွန်းအောင်(ပြန်/ဆက်)