ပေါက်ခေါင်း ၂၈ မေ
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များအတွက် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာနက ၂၀၁၉ ခုနှစ် မိုးရာသီကာလတွင် စိုက်ပျိုးရန် ကျွန်း၊ ယူကလစ်နှင့် အခြားအရိပ်ရပျိုးပင်ပေါင်း (၈၂၀ဝ၀)ကို မြို့နယ်အတွင်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ စိုက်ပျိုးရန်ကျွန်းပင် ၄၀၇၀ဝ၊ ယူကလစ်ပင် ၂၃၃၀ဝ၊ မန်ဂျန်ရှားပင် ၁၀ဝ၀ဝ၊ မယ်ဇလီပင် ၃၀ဝ၀၊ အခြားအရိပ်ရပင်နှင့် အလှပန်းပင်(၅၀ဝ၀) တို့ကို သစ်တော ဦးစီးဌာန မြို့မပျိုးဥယျာဉ်တွင် ပျိုးထောင်ထားပြီးဖြစ်ကြောင်း ၊ အဆိုပါပျိုးပင်များကိုမြို့ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် ဖြန့်ဝေပေးမည်ဖြစ်ပြီး၊ အခြားအဖွဲ့အစည်း၊ အသင်းအဖွဲ့များနှင့်သော်လည်းကောင်း၊ တစ်ဦးချင်းတစ်နိုင်တစ်ပိုင်ဖြစ်စေ သစ်ပင်စိုက်ပျိုးမည့်သူများ ပျိုးပင်များလိုအပ်ပါက အခမဲ့ လာရောက်ထုတ်ယူနိုင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)
