ပေါက်တော ဩဂုတ် ၂၉
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ IDPs စခန်း(၅)ခုဖြစ်သည့် ကြိမ်နီပြင် IDP စခန်း၊ အနောက်ရဲ IDP စခန်း၊ ဆက်တက်မော် IDP စခန်း၊ ငှက်ချောင်း(၁)IDP စခန်း၊ ငှက်ချောင်း(၂) IDP စခန်းများတွင် ခိုလှုံနေကြသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသည့် ပြည်သူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ကာကွယ်ဆေး (Covaxin) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ဆက်လက်ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့က IDPs စခန်းများတွင်ခိုလှုံနေကြသောပြည်သူ (၁၀၀၀) တို့အား ဆက်လက်ထိုးနှံပေးခဲ့ကာ သြဂုတ်လ (၂၈)ရက်နေ့ထိ ထိုးနှံပြီးစီးသူ စုစုပေါင်း (၃၉၇၅)ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)