ပေါက်တော ၂၉ နိုဝင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနက ယနေ့နံနက်တွင် ကြိမ်ခွေမော်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ပဉ္စမအကြိမ် လည်ပတ်ရန်ပုံငွေ ၄၄၃ သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ငွေထုတ်ချေးပေးရာတွင် စိုက်ပျိုးရေးလုပ်ငန်းတွင် ၂၉ ဦး ၊ မွေးမြူရေးလုပ်ငန်းတွင် ၂၈ ဦး ၊ ရေလုပ်ငန်းတွင် ၁၀ ဦး နှင့် အရောင်းအဝယ်လုပ်ငန်းတွင် ၂၀ ဦး စုစုပေါင်း အသင်းသား ၈၇ ဦးတို့ကို ထုတ်ချေးပေးခဲ့သည်။
အဆိုပါချေးငွေထုတ်ပေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ် - ၁၉ ထိန်းချုပ်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)


