ပေါင် ဇန်နဝါရီ ၅
မွန်ပြည်နယ် ပေါင်မြို့နယ်၌ ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ်တာဝန်ခံ ဦးကိုကိုလွင်၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြို့၊ အဖွဲ့ဝင် ဦးခင်မြင့်၊ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်၊ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထင်ကျော်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနေမျိုးနှင့်အဖွဲ့ဝင်များနှင့် မဲရုံမှူးများ တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ်တာဝန်ခံ ဦးကိုကိုလွင်က ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲရုံတာဝန်ထမ်းဆောင်ရမည့်သူများအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြို့၊ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ကြိုတင်ဆန္ဒမဲပေးပြီးသောမဲပုံးများ လက်ခံဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို အသေးစိတ်ရှင်းပြခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)


