ပေါင် ဧပြီ ၂
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှု၊ မွန်ပြည်နယ် ကုသရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် သထုံခရိုင် ပြည်သူ့ဆေးရုံ၊ သထုံခရိုင် ကျန်းမာရေးဦးစီးဌာနနှင့် ပေါင်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော သထုံခရိုင်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ အခမဲ့ ကွင်းဆင်းဆေးကုသမှုကို ဧပြီ ၂ ရက် နံနက်ပိုင်းက သဲကုန်းတိုက်နယ်ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆေးကုသမှုခံယူရန်အတွက် တာဝန်ကျ သူနာပြုဆရာမများက သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ဆီးချိုများ စစ်ဆေးပေးခြင်းများကို ပြုလုပ်ပေးကြပြီး အထူကုဆရာဝန်(သမားတော်)၊ အထူးကုဆရာဝန် (အရိုး)၊ အထူးကုဆရာဝန် (သွား)၊ အထူးကုဆရာဝန်(သားဖွား၊မီးယပ်)၊ အထူးကုဆရာဝန် (ကလေး)၊ အထူးကုဆရာဝန် (ခွဲစိတ်)၊ လက်ထောက်ဆရာဝန်(ဆေးပညာ)၊ လက်ထောက်ဆရာဝန် (ဓာတ်မှန်)တို့က လူနာများကို အသေးစိတ် ကုသမှုပြုလုပ်ပေးသည်။
ထိုသို့ဆေးကုသမှုကို သထုံခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးရဲနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကာ ဆေးကုသမှု ကုန်ကျစရိတ်အတွက် ကျွဲခြံကျေးရွာမှ ဦးမင်းမင်းစိုးနှင့်အဖွဲ့ဝင်များက ငွေကျပ် ၁၀ သိန်း လှူဒါန်းသည်။ ဆေးကုသမှုခံယူရာတွင် သဲကုန်းကျေးရွာ၊ ကျုံဟော်ကျေးရွာ၊ ညောင်းကုန်းကြီးကျေးရွာ၊ ထန်းပင်ချောင်လေး ကျေးရွာ၊ မြလေးချောင်ကျေးရွာရှိ ပြည်သူများက လာရောက်၍ ဆေးကုမှုခံယူခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)