ပေါင် ၂၆ ဩဂုတ်


သထုံခရိုင် ပေါင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံး ဝန်ထမ်းများမှ ယမန်နေ့ နံနက်ပိုင်းက ကဒါရပ်ကွက်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများကို သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း ဆန္ဒ မဲပေးနိုင်ရေးအတွက် မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးငွေသောင်းနှင့် ဝန်ထမ်းများက အသက်(၁၈)နှစ် ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ထားခြင်း မရှိသေးသည့် ပြည်သူများကို ဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်အတွင်းရှိ ကျန်ရှိနေသည့် ရပ်ကွက်ကျေးရွာများမှ ပြည်သူများကိုလည်း ဝန်ထမ်းများမှ အလှည့်ကျ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဝင်းမင်းသန်း(ပြန်/ဆက်)