ဖားဆောင်း ဇူလိုင် ၁၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ဖွင့်လှစ်ထားရှိသော စစ်ဆေးရေးဂိတ်များဖြစ်သည့် ဖားဆောင်းမြို့နယ်၊မြောက်ပိုင်းရပ်ကွက်၊ မော်ချီး အမှတ်(၂)၊ မော်ချီးအောင်ချမ်းသာ၊ လိုခါးလိုကျေးရွာ ဂိတ်များ၌ မော်တော်ယာဉ် အဝင်အထွက်များတွင် လိုက်ပါလာသည့် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိပါ သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဂိတ်များတွင် လိုအပ်သည့် အသုံးအဆောင်များ၊ ပစ္စည်းများ ဝယ်ယူ အသုံးပြုနိုင်ရန်အတွက် ဇူလိုင်လ ၁၅ ရက်က မော်ချီးဒေသ ကျောက်ကြားရပ်ကွက်နေ ဦးဝင်းကို-ဒေါ်ဝင်းရီ မိသားစုက ဖားဆောင်းမြို့ မြောက်ပိုင်းရပ်ကွက် စစ်ဆေးရေးဂိတ်သို့ ၅ သိန်းကျပ်၊ မော်ချီးအမှတ် (၂) ဂိတ်သို့ကျပ် ၁၅ သိန်း၊ မော်ချီးအောင်ချမ်းသာ ဂိတ်သို့ ကျပ် ၁၅ သိန်း၊ မော်ချီးလိုခါးလိုဂိတ် သို့ ငွေကျပ်သိန်း ၄၀ ဦးအုန်းဆောင် (မော်ချီးတောင်ပေါ်) မှ ကျပ် ၁ သိန်း၊ ဦးကြည်တင် (မော်ချီးတောင်ပေါ်) မှကျပ် ၁ သိန်း၊ ဦးလုကာကျော်မိုး (မော်ချီးအောက်ရွာ) မှ ကျပ် ၅) သောင်း၊ ဖားဆောင်းပြည်သူ့ ဆေးရုံတွင် လိုအပ်သည်များ အသုံးပြုရန် အတွက် ကျပ် ၅ သိန်း၊ မော်ချီးလိုခါးလို တိုက်နယ်ဆေးရုံတွင် လိုအပ်သည်များအသုံးပြုရန်အတွက် ကျပ်သိန်း ၂၀ ၊ မော်ချီးအမှတ် (၂) Quarantine Center တွင် အသုံးပြုရန်ကျပ် ၁၅ သိန်းကိုလည်းကောင်း၊ မော်ချီးကျောက်ကြားရပ်ကွက်မှ ပြည်သူများက မော်ချီးအမှတ် (၂) ဂိတ်သို့ကျပ် ၈ သိန်း၊ အောင်ချမ်းသာဂိတ်သို့ ကျပ် ၈ သိန်း၊ လိုခါးလိုဂိတ်သို့ကျပ် ၈ သိန်းကိုလည်းကောင်း ၊ မော်ချီး (၅၁) လုပ်ကွက်မှ ဦးကိုဦး+ဒေါ်ကြည်ကြည် မိသားစုမှမော်ချီးအမှတ်(၂)ဂိတ်သို့ ကျပ် ၁ သိန်း၊ လိုခါးလို ဂိတ်သို့ ကျပ် ၅) သောင်း၊ အောင်ချမ်းသာ ဂိတ်သို့ ကျပ် ၅ သောင်း၊ စုစုပေါင်းလှူဒါန်းငွေကျပ် ၁၄၃ သိန်း ၅ သောင်းကျပ် ကိုဖားဆောင်းမြို့နယ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ကော်မတီများနှင့် မော်ချီးဒေသရှိ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ကော်မတီများထံသို့ အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)


