ဖား​ဆောင်း    ဇူလိုင်    ၁၆

 

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်းတွင် ကိုဗစ်-၁၉​ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ဖွင့်လှစ်ထားရှိ​သော စစ်​ဆေး​ရေးဂိတ်များဖြစ်သည့် ဖား​​ဆောင်းမြို့နယ်၊​မြောက်ပိုင်းရပ်ကွက်၊ ​မော်ချီး အမှတ်(၂)၊​ မော်ချီး​အောင်ချမ်းသာ၊ လိုခါးလို​ကျေးရွာ ဂိတ်များ၌ မော်​တော်ယာဉ် အဝင်အထွက်များတွင် လိုက်ပါလာသည့် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်​ဆေးခြင်းများကို ​နေ့စဉ်​​ဆောင်ရွက်​ပေးလျက်ရှိပါ သည်။

   

အဆိုပါ ကိုဗစ်-၁၉ ​​ရောဂါ ကြိုတင်ကာကွယ်​ရေးဂိတ်များတွင် လိုအပ်သည့် အသုံးအ​ဆောင်များ၊ ပစ္စည်းများ ဝယ်ယူ အသုံးပြုနိုင်ရန်အတွက် ဇူလိုင်လ ၁၅ ရက်က  မော်ချီး​ဒေသ ​ကျောက်ကြားရပ်ကွက်​နေ ဦးဝင်းကို-​ဒေါ်ဝင်းရီ မိသားစုက ဖား​ဆောင်းမြို့​ မြောက်ပိုင်းရပ်ကွက် စစ်​ဆေး​ရေးဂိတ်သို့  ၅ သိန်းကျပ်၊​ မော်ချီးအမှတ် (၂) ဂိတ်သို့ကျပ် ၁၅ သိန်း၊ ​မော်ချီး​အောင်ချမ်းသာ ဂိတ်သို့ ကျပ် ၁၅ သိန်း၊​ မော်ချီးလိုခါးလိုဂိတ် သို့ ငွေကျပ်သိန်း ၄၀ ဦးအုန်း​ဆောင် (​မော်ချီး​တောင်​ပေါ်) မှ ကျပ် ၁ သိန်း၊ ဦးကြည်တင် (​မော်ချီး​တောင်​ပေါ်) မှကျပ် ၁ သိန်း၊ ဦးလုကာ​ကျော်မိုး (​မော်ချီး​အောက်ရွာ) မှ ကျပ် ၅) သောင်း၊ ဖား​ဆောင်းပြည်သူ့ ဆေးရုံတွင် လိုအပ်သည်များ အသုံးပြုရန် အတွက် ကျပ် ၅ သိန်း၊​ မော်ချီးလိုခါးလို တိုက်နယ်​ဆေးရုံတွင် လိုအပ်သည်များအသုံးပြုရန်အတွက် ကျပ်သိန်း ၂၀ ၊ မော်ချီးအမှတ် (၂) Quarantine Center တွင် အသုံးပြုရန်ကျပ် ၁၅ သိန်းကိုလည်း​ကောင်း၊​ မော်ချီး​ကျောက်ကြားရပ်ကွက်မှ ပြည်သူများက ​မော်ချီးအမှတ် (၂) ဂိတ်သို့ကျပ် ၈ သိန်း၊​ အောင်ချမ်းသာဂိတ်သို့ ကျပ် ၈ သိန်း၊ လိုခါးလိုဂိတ်သို့ကျပ် ၈ သိန်းကိုလည်း​ကောင်း ၊​ မော်ချီး (၅၁) လုပ်ကွက်မှ ဦးကိုဦး+​ဒေါ်ကြည်ကြည် မိသားစုမှ​မော်ချီးအမှတ်(၂)ဂိတ်သို့ ကျပ် ၁ သိန်း၊ လိုခါးလို ဂိတ်သို့ ကျပ် ၅)​ သောင်း၊​ အောင်ချမ်းသာ ဂိတ်သို့ ကျပ် ၅ သောင်း၊ စုစု​ပေါင်းလှူဒါန်း​ငွေကျပ် ၁၄၃ သိန်း ၅​ သောင်းကျပ် ကိုဖား​ဆောင်းမြို့နယ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်​ရေး​ ကော်မတီများနှင့်​ မော်ချီး​ဒေသရှိ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်​ရေး​ ကော်မတီများထံသို့ အသီးသီး ​ပေးအပ်လှူဒါန်းခဲ့​ကြောင်း သိရသည်။

 

နန်းသဲနု​အောင်(ဖား​ဆောင်း)