ဖားဆောင်း ၂၄ ဩဂုတ်

 

ဖားဆောင်းမြို့၏ သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ် ၂၂၇၀ စင်တီမီတာရှိရာ မြင့်တက်မှုကြောင့် ယမန်နေ့ ညနေ ၆ နာရီတွင် လက်ရှိ ရေအမှတ် ၂၅၀၂ စင်တီမီတာသို့ ရောက်ရှိခဲ့တာကြောင့် စိုးရိမ်ရေအမှတ် အထက် ၂၃၂ စင်တီမီတာ မြင့်တက်နေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဉီးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

 

မြစ်ရေကြီးမှုကြောင့် ဖားဆောင်းမြို့နယ်ရှိ တောင်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်၊ စုစည်း ကျေးရွာနှင့် ခဲမဖြူကျေးရွာရှိ အိမ်ခြေပေါင်း (၁၆၁)အိမ် ရေနစ်မြုပ်ခဲ့ပြီး အမျိုးသား ၃၃၅ ဦး၊ အမျိုးသမီး ၃၂၉ ဉီးတို့အား ရေလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရသည်။ ထို့အပြင် နှမ်း ၉၃ ဒသမ ၁၇ ဧက၊ အစေ့ထုတ်ပြောင်း ၂၄ ဒသမ ၇၁ ဧက၊ ဟင်းသီးဟင်းရွက် ၉ ဒသမ ၉၀ ဧက ရေလွမ်းခဲ့ကြောင်း ဖားဆောင်းမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဉီးစီးဌာနက သိရသည်။

 

အဆိုပါ ရေကြီးနစ်မြုပ်နေမှုကို ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးအယ်လ်ဖောင်းရှိုနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများကကြည့်ရှုကာ ရေဘေးသင့် ပြည်သူများအား ခုနစ်ရက်စာ တစ်ဉီးလျှင် ၂၁၀ဝ ကျပ်စီနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

လက်ရှိအချိန်တွင် သံလွင်တံတား (ဖားဆောင်း) ပေါ်သို့ (၁၃) တန်အထက်ကားများ ဖြတ်သန်းခွင့် မပြုတော့ကြောင်း သိရသည်။

 

ကိုစိုင်း (လွိုင်ကော်)