ဖားဆောင်း ၁၂ ဇူလိုင် 


ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် ဇူလိုင်၂ရက်မှ ဇူလိုင်၁၈ရက်အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဖွံ့ဖြိုးတိုးတက်လာသော နည်းပညာခေတ်နှင့်အညီ နည်းပညာကဏ္ဍများ အသုံးချနိုင်ရေးသည် အဓိကပါဝင်ရာ မြို့ပြနှင့်ကျေးလက်တန်းတူ ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်သည်။


ယင်းသင်တန်းသို့ ခဲမဖြူတောင်ပေါ်ကျေးရွာနှင့် ဝမ်အောင်း(ကယား)ကျေးရွာတို့မှ တိုင်းရင်းသား လူငယ်မောင်မယ် (၂၅)ဦး တက်ရောက်လျက်ရှိပြီး ညနေပိုင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း အခမဲ့သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါသင်တန်းဖွင့်လှစ်နေမှုအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသန်းဝင်းစိုးက ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်။


ဝတ်ရည်