နေပြည်တော် ၅  စက်တင်ဘာ 

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၄ ရက် ညနေ ၄ နာရီခွဲတွင် ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာနေ မရန်လု(ခ)လုမိုင်၏ နေအိမ်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၇၀ နှင့် မြန်မာငွေကျပ် ၈၀၀,၀၀၀ တို့ကိုလည်းကောင်း၊

 

အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲက မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မိုးကောင်းမြို့နယ်၊ မိုးကောင်း-မိုးညှင်းသွားကားလမ်း၊ ကညင်မြိုင်ကျေးရွာ ဆိုင်းဘုတ်အနီးတွင် မိုးနိုင် မောင်းနှင်ပြီး မင်းဦး(ခ)ချစ်ပေါ၊ မခင်စန်းတင့်(ခ)နိုင်းနိုင်းနှင့် မကြယ်စင်(ခ)သူဇာ တို့လိုက်ပါ လာသည့် TOYOTA WISH အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၉၉ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅,၇၀၀ တို့ကိုလည်းကောင်း၊ 

 

ထို့အတူ စက်တင်ဘာ ၃ ရက် မွန်းတည့် ၁၂ နာရီတွင်  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ နောင်လိုင်ကျေးရွာအုပ်စု၊ နမ့်လင်းကျေးရွာအနီး၊ ပင်လုံ-လဲချားသွားကားလမ်းတွင် ကျော်ကျော်(ခ)အားတုံ မောင်းနှင်ပြီး ဝမ်လောင်ဝူ(ခ)ဝူတီးလိုက်ပါ လာသည့် PAJERO အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၄၅ ဒသမ ၇၅၈ ကီလိုနှင့် လက်ကိုင်ဖုန်း (၂)လုံးတို့ကိုလည်းကောင်း။

 

အလားတူ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ်၊ ဘော်ကြိုဈေးကျေးရွာ၊ ဘော်ကြိုဘုရားအနီး၊ မူဆယ်-မန္တလေးသွား ကားလမ်းတွင် သိန်းထွန်းအောင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)