ဖားကန့်      ဇွန်     ၁၀


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ၂၀၂၂-၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့်ရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ  ကျောင်းသား ကျောင်းသူများအား ဇွန် ၉ ရက် နံနက်ပိုင်းမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိသည်။


ဖားကန့်မြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် လုံးခင်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းတို့တွင် ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ကျောင်းသား ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


အဆိုပါ ကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက် ၅ နှစ်မှ ၁၂ နှစ် အထိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၉၀ ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။


မိုးသန္ဒာဦး(ပြန်/ဆက်)