ဖားကန့် ၂၂ သြဂုတ်
ကျောင်းသား/ ကျောင်းသူများအတွင်း မှုခင်းဆိုင်ရာ အသိများတိုးပွားစေရန် ရည်ရွယ်၍ မှုခင်းကျဆင်းရေးအသိပညာပေး ဟောပြောပွဲကို ဖားကန့်မြို့နယ် ငှက်ပျောတောရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း စုဝေးခန်းမတွင် သြဂုတ် ၂၁ မွန်းလွဲ ၂ နာရီခွဲက ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ဖားကန့်မြို့မ ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးမင်းဇော်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မှုခင်းဆိုင်ရာများ၊ မူးယစ်တပ်ဖွဲ့စု ၃ မှ ဒုရဲမှူးခင်မောင်လွင်က မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် မှုခင်းများနှင့် နောက်ဆက်တွဲ ဆိုးကျိုးများ ပြစ်မှုကျူးလွန်နိုင်ခြင်းများ၊ မြို့မ ရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ် ဝင်းယုက သက်ငယ်မုဒိမ်း အကြမ်းဖက်မှုများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။
ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူဝင်းနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၀)ကျော် တက်ရောက်ကြပြီး မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
စိုးနိုင်ဦး(ဖားကန့်)


