ရန်ကုန် ၃ ဇူလိုင်
ဖားကန့်မြို့နယ်၊ ဆိမ်မူကျေးရွာအုပ်စု၊ ဝှေခါ ကျေးရွာတွင် ဇူလိုင် ၂ ရက် နံနက်ပိုင်းက မြေစာပုံပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရသူများအား ကချင်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီ၏ကြီးကြပ်မှုဖြင့် ဖားကန့်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် အတူပူးပေါင်း ကူညီဆောင်ရွက်လျှက်ရှိရာ ထိခိုက်ဒဏ်ရာရရှိသူများအား ဆက်လက်ဆေးကုသမှု ခံယူနိုင်ရန် မြစ်ကြီး နားမြို့ပြည်သူ့ဆေးရုံကြီးသို့ အချိန်မီ ပို့ဆောင်ပေးခဲ့သည်။
ယနေ့တွင် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူနှစ်ဦး တို့အား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှထောက်ပံ့သော တစ်ကိုယ်ရည်သန့်ရှင်း ရေးသုံးပစ္စည်းများကို အသင်းဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းနှင့် မြစ်ကြီးနားခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်လင်းတို့က သွားရောက်ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ဝင်းအောင်(MRCS)


