ဖားကန့် ၃  ဇူလိုင်

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါမှော်၌ ကျင်းကမ်းပါးပြိုကျမှုဖြစ်စဉ်မှ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများအား ထောက်ပံ့ငွေ လှူဒါန်းခြင်းကို ယနေ့နံနက် နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ထိုသို့ထောက်ပံ့လှူဒါန်းရာတွင် ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ကချင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ထောက်ပံ့ငွေကျပ် သိန်း(၅၀၀) မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ လုံးခင်း-ဖားကန့် တူးဖော်ရေးဌာနနှင့် ဖားကန့်မြို့နယ် ကျောက်မျက်လုပ်ငန်းရှင်များ အသင်းမှ ထောက်ပံ့ငွေကျပ် သိန်း(၅၀၀)နှင့် KNDPC ကျောက်မျက်ကုမ္ပဏီမှ ထောက်ပံ့ငွေကျပ် သိန်း(၁၀၀) စုစုပေါင်း ငွေကျပ်သိန်း ၁၁၀၀ အား ဖားကန့်မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အလားတူ ယနေ့ နံနက် ၁၁ နာရီခွဲခန့်က တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုကိုယ်စား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်က လှူဒါန်းထောက်ပံ့ငွေကျပ်သိန်း (၅၀၀)နှင့် ဆန်အိတ်(၁၀၀)၊ ဆီ(၂၃၂)ပိဿာ၊ ဆား(၈၀) ပိဿာနှင့် ပဲ(၃၀၀) ပိဿာတို့အား ပေးအပ်လှူဒါန်းခဲ့ပြီး ကျင်းမြေပြိုမှုကြောင့် သေဆုံးရသူများ၏ မိသားစုဝင်များနှင့် ဒဏ်ရာရရှိသူများအား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၌ ကျင်းမြေပြိုဘေးကြောင့် ယနေ့ နံနက် ၁၀ နာရီအထိ သေဆုံးသူ ၁၆၆ ဦးနှင့် ဒဏ်ရာရရှိ သူ ဦး ရှိကြောင်း သိရသည်။

 

တာလင်းမောင်(ပြန်/ဆက်)