ဖာပွန် ​ ၁၄   မေ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့မှ ရန်ကုန်မြို့သို့​ ပြေးဆွဲ​နေ​သော ​ရွှေမြန်မာ မှန်လုံအမြန်ယာဉ်သည် ကိုဗစ်-၁၉ ​ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ​ရေး ကာလအတွင်း ဖာပွန်-ရန်ကုန် ခရီးစဉ်ပြေးဆွဲမှု ယာယီရပ်နားခဲ့​ကြောင်း သိရှိရသည်။

 

ယခုအခါတွင် အများပြည်သူ ခရီးသွားလာမှု အဆင်​ပြေ​ချော​မွေ့​စေ​ရေးအတွက် ယခုလ ၁၇ ရက်​နေ့ နံနက် ၇ နာရီမှ စတင်ကာ ပြန်လည်ပြေးဆွဲ​ ပေးသွားမည်ဖြစ်​ကြောင်း၊ ညွှန်ကြားချက်နှင့်အညီ ခရီးသည် တစ်ဦးလျှင် ထိုင်ခုံ နှစ်ခုံအတွက် ဖာပွန်-ရန်ကုန်​ ခရီးစဉ် ငွေကျပ် တစ်​သောင်းနှစ်​ထောင်နှုန်းဖြင့် ရောင်းချ​ပေးသွားမည်ဖြစ်​ကြောင်း၊ ခရီးသည်တစ်ဝက်သာ တင်​ဆောင်​ပြေးဆွဲသွားမည် ဖြစ်​ကြောင်း၊ ခရီးသည်များ ကျန်းမာ​ရေးအတွက် နှာ​ခေါင်းစည်း (Mask)နှင့် လက်သန့်​ဆေးရည်များကို စီစဉ်ပေးထားမည် ဖြစ်​ကြောင်း သိရှိရသည်။

စိုင်း​ကျော်ဝဏ္ဏ၊တိုး​ဝေဇင်(ပြန်ဆက်)