ဖာပွန် ၁၄ မေ
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသော ရွှေမြန်မာ မှန်လုံအမြန်ယာဉ်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကာလအတွင်း ဖာပွန်-ရန်ကုန် ခရီးစဉ်ပြေးဆွဲမှု ယာယီရပ်နားခဲ့ကြောင်း သိရှိရသည်။
ယခုအခါတွင် အများပြည်သူ ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ယခုလ ၁၇ ရက်နေ့ နံနက် ၇ နာရီမှ စတင်ကာ ပြန်လည်ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်နှင့်အညီ ခရီးသည် တစ်ဦးလျှင် ထိုင်ခုံ နှစ်ခုံအတွက် ဖာပွန်-ရန်ကုန် ခရီးစဉ် ငွေကျပ် တစ်သောင်းနှစ်ထောင်နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ခရီးသည်တစ်ဝက်သာ တင်ဆောင်ပြေးဆွဲသွားမည် ဖြစ်ကြောင်း၊ ခရီးသည်များ ကျန်းမာရေးအတွက် နှာခေါင်းစည်း (Mask)နှင့် လက်သန့်ဆေးရည်များကို စီစဉ်ပေးထားမည် ဖြစ်ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်ဆက်)


