ဖာပွန် ၂၆ ဧပြီ
စစ်ဗျူဟာအဖွဲ့အခြေချ(ဖာပွန်)မှ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်နှင့် တပ်နယ်အရာရှိများက ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများဖြစ်သည့် Sugical Mask (၁၇၀၀)ခု၊ N 95 Mask (၆၀၀)ခု၊ Hand Gel (၁၃၀)ဘူး၊ Goggles (၂၀၀)ခု၊ လက်သန့်ဆေးရည် (၃၂၀)ဘူး၊ ကြက်ဥ (၁၈၀)လုံး၊ရွှေဖီဦး လက်ဖက်ရည်ထုပ်ကြီး (၆)ထုပ်တို့ကို ဗိုလ်မှူးကြီးကျော်စွာမြင့်နှင့် တပ်နယ်အရာရှိများက ဖာပွန်ခရိုင် ပြည်သူ့ဆေးရုံ၊ ကမမောင်းပြည်သူ့ဆေးရုံ၊ ကတိုင်တိတိုက်နယ်ဆေးရုံ၊ ကူးဆိပ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၊ ဝါကော်ကျေးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနများသို့ ခွဲဝေလှူဒါန်းပေးအပ်ခဲ့ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။
အဆိုပါ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ရည်ရွယ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ဖာပွန်ခရိုင် ပြည်သူ့ဆေးရုံနှင့် ကမမောင်းပြည်သူ့ဆေးရုံသို့ PPE ဝတ်စုံ (၁၀၀)စုံစီ၊ Sugical Mask ၊ ကြက်ဥနှင့်ရွှေဖီဦး လက်ဖက်ရည်ထုပ်တို့ကို ပထမအကြိမ်လှူဒါန်းခဲ့ပြီး ယခုလှူဒါန်းခြင်းမှာ ဒုတိယအကြိမ် လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်/ဆက်)


