ဖာပွန် ၂၆ ဧပြီ

 

စစ်ဗျူဟာအဖွဲ့အ​ခြေချ(ဖာပွန်)မှ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်နှင့် တပ်နယ်အရာရှိများက ကျန်းမာ​ရေးအ​ထောက်အကူပြု ပစ္စည်းများကို ယ​နေ့နံနက်ပိုင်းက လှူဒါန်းခဲ့​ကြောင်း သိရသည်။

 

ကျန်းမာ​ရေးအ​ထောက်အကူပြု ပစ္စည်းများဖြစ်သည့် Sugical Mask (၁၇၀၀)ခု၊ N 95 Mask (၆၀၀)ခု၊ Hand Gel (၁၃၀)ဘူး၊ Goggles (၂၀၀)ခု၊ လက်သန့်​ဆေးရည် (၃၂၀)ဘူး၊ ကြက်ဥ (၁၈၀)လုံး၊​ရွှေဖီဦး လက်ဖက်ရည်ထုပ်ကြီး (၆)ထုပ်တို့ကို ဗိုလ်မှူးကြီး​ကျော်စွာမြင့်နှင့် တပ်နယ်အရာရှိများက ဖာပွန်ခရိုင် ပြည်သူ့​ဆေးရုံ၊ ကမ​မောင်းပြည်သူ့​ဆေးရုံ၊ ကတိုင်တိတိုက်နယ်​ဆေးရုံ၊ ကူးဆိပ်​​ကျေးရွာ ကျေးလက်ကျန်းမာ​ရေးဌာန၊ ဝါ​ကော်​ကျေး​ကျေးရွာ ​ကျေးလက်ကျန်းမာ​ရေးဌာနများသို့ ခွဲ​ဝေလှူဒါန်း​ပေးအပ်ခဲ့ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ​ပေးအပ်ခဲ့သည်။

 

အဆိုပါ ကျန်းမာ​ရေးအ​ထောက်အကူပြု ပစ္စည်းများကို ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ​​ရေး လုပ်ငန်းများ​ဆောင်ရွက်ရန်အတွက် ရည်ရွယ်လှူဒါန်းခဲ့ခြင်းဖြစ်​ကြောင်း၊ ဖာပွန်ခရိုင် ပြည်သူ့ဆေးရုံနှင့် ကမ​မောင်းပြည်သူ့​ဆေးရုံသို့ PPE ဝတ်စုံ (၁၀၀)စုံစီ၊ Sugical Mask ၊ ကြက်ဥနှင့်​ရွှေဖီဦး လက်ဖက်ရည်ထုပ်တို့ကို ပထမအကြိမ်လှူဒါန်းခဲ့ပြီး ယခုလှူဒါန်းခြင်းမှာ ဒုတိယအကြိမ် လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။

 

စိုင်း​ကျော်ဝဏ္ဏ၊ တိုး​ဝေဇင်(ပြန်/ဆက်)