ဖာပွန်  ၂၅  ဧပြီ


ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့တွင် စျေး​ရောင်းချသူများနှင့်​စျေးဝယ်သူ များလိုက်နာရန် စည်းကမ်းချက်များကို ထုတ်ပြန်​ကြေညာခဲ့သည်။


အဆိုပါ ထုတ်ပြန်ချက်တွင် စျေးရောင်းချသူများ လိုက်နာရန် စည်းကမ်းချက်(၇)ချက် ၊​စျေးဝယ်သူများလိုက်နာရန် စည်းကမ်းချက်(၉) ချက်ပါရှိ​ကြောင်း၊​ စျေး​ရောင်း​စျေးဝယ်များ သိရှိလိုက်နာနိုင်​ရေး စာ​​စောင်ဖြန့်​ဝေခြင်း၊ ဗီနိုင်းများဖြင့် ချိတ်ဆွဲပြသခြင်းများ ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ဖာပွန်မြို့ရှိ ​စျေးဆိုင်များနှင့် အဖွဲ့ပိုင်​စျေးများအတွင်း အ​ခြေခံစားသောက်ကုန်ပစ္စည်း အ​ရောင်းဆိုင်နှင့် ​ဆေးဝါးပစ္စည်း​ရောင်းချသည့်ဆိုင်များမှ အပ အခြားပစ္စည်း​ရောင်းချသည့်ဆိုင်များ အားလုံး ဧပြီ ၂၃ ရက် မှ ဧပြီ ၃၀ ရက်အထိ ယာယီပိတ်သွားမည်ဖြစ်​ကြောင်း၊ ယခုကဲ့သို့ ​ဆောင်ရွက်ရခြင်းမှာ ကိုဗစ်-၁၉ ​ရောဂါကူးစက်ပြန့်ပွားမှု မရှိ​စေရေးအတွက် ကာကွယ်​ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ​​ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့မှ သိရှိရသည်။


စိုင်း​ကျော်ဝဏ္ဏ၊ တိုး​ဝေဇင်(ပြန်ဆက်)