ဖာပွန် ၂၅ ဧပြီ
ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့တွင် စျေးရောင်းချသူများနှင့်စျေးဝယ်သူ များလိုက်နာရန် စည်းကမ်းချက်များကို ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် စျေးရောင်းချသူများ လိုက်နာရန် စည်းကမ်းချက်(၇)ချက် ၊စျေးဝယ်သူများလိုက်နာရန် စည်းကမ်းချက်(၉) ချက်ပါရှိကြောင်း၊ စျေးရောင်းစျေးဝယ်များ သိရှိလိုက်နာနိုင်ရေး စာစောင်ဖြန့်ဝေခြင်း၊ ဗီနိုင်းများဖြင့် ချိတ်ဆွဲပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖာပွန်မြို့ရှိ စျေးဆိုင်များနှင့် အဖွဲ့ပိုင်စျေးများအတွင်း အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်နှင့် ဆေးဝါးပစ္စည်းရောင်းချသည့်ဆိုင်များမှ အပ အခြားပစ္စည်းရောင်းချသည့်ဆိုင်များ အားလုံး ဧပြီ ၂၃ ရက် မှ ဧပြီ ၃၀ ရက်အထိ ယာယီပိတ်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ရခြင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်ဆက်)


