ဖာပွန် ၂၉  သြဂုတ် 


ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်တွင် မြန်မာနိုင်ငံ အတက်ရောဂါစီမံချက် လုပ်ငန်းစတင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်းက တက်ခြင်းသည် ဦးနှောက်အတွင်းရှိ လျှပ်စီးကြောင်းများ ရုတ်တရက် မူမမှန်ပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းကာ တုန်၍သတိလစ်သွားခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ 


ထို့နောက် အတက်ရောဂါဆိုင်ရာ ကျန်းမာရေးပညာပေး ဗီဒီယိုဖိုင်အား ပညာပေးပြသခဲ့သည်။


ယင်းနောက် အတက်ရောက်ဂါဆိုင်ရာ အရေးပေါ်ပြုစုကုသခြင်းများ၊ အတက်ရောဂါရှိသူများအတွက် ဆောင်ရန်/ရှောင်ရန်များကို အခမ်းအနားသို့ တက်ရောက်လာသူများက မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ 


ကျော်ဝဏ္ဏ(ဖာပွန်)