နောင်ချို ၁၁ ဇွန်
ဖောငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းနည်း ပညာပေးဆွေးနွေးပွဲကို ဇွန် ၁၀ ရက်က ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
အခမ်းအနားတွင် ခရိုင်ဦးစီးမှူး ဦးမောင်မောင်ဦး၊ နောင်ချိုမြို့နယ် အစေ့ထုတ်ပြောင်း တောင်သူများအသင်း ကိုယ်စားလှယ် ဦးအောင်မြင့်ထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်တို့က ဖောငမြှောင်တောင်ပိုး နှင့် ပတ်သက်၍ အပင်များအား ဖျက်ဆီးပုံနှင့် ကာကွယ်နှိမ်နင်းရေး နည်းလမ်းများ ပြောကြားကာ တောင်သူများနှင့် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ခရိုင် ပိုးမွှားကာကွယ်ရေးတာဝန်ခံ ဒေါ်ချောစုထွေးက ဖောငမြှောင်တောင်ပိုးနှင့် ပတ်သက်၍ စတင် ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကိုလည်းကောင်း၊ အပင်များ ဖျက်ဆီးပုံနှင့် ကာကွယ်နှိမ်နှင်းရေး နည်းလမ်းများကို လည်းကောင်း၊ မြေဩဇာနှင့် ပိုးသတ်ဆေး စနစ်တကျသုံးစွဲရေးကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော တောင်သူများအား ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကော်ဖီပင်များအား အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
MDN