မနီလာ ဒီဇင်ဘာ ၆

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဆူရီဂါအိုပြည်နယ်တွင် ပြီးခဲ့သည့်စနေနေ့က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၄ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးသူ သုံးဦးအထိ ရှိလာကြောင်း အစိုးရက ယနေ့ပြောကြား သည်။

အဆိုပါငလျင်ကြောင့် မင်ဒါနာအိုကျွန်း အရှေ့မြောက်ပိုင်းတွင် လူတစ်ဦးသေဆုံးပြီး ယင်းကျွန်း၏ အရှေ့ တောင်ဘက်တွင် ကျန်နှစ်ဦးသေဆုံးခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံ ခန့်ခွဲရေးကောင်စီ၏ နောက်ဆုံးအစီရင်ခံစာတစ်ရပ်အရ သိရသည်။

ထို့အပြင် ကမ်းလွန်ဒေသရှိ အဆိုပါအင်အားပြင်း ငလျင်ကြောင့် အခြားလူ ၄၈ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ပြည်နယ်သုံးခုရှိ ပြည်သူ ၅၃၀၀၀၀ နီးပါးကို ထိခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါငလျင်သည် ဆူရီဂါအိုဒယ်လ်ဆူရ်ပြည်နယ်၊ ဟီနာတွန်မြို့မှ အရှေ့မြောက်ဘက် ကီလိုမီတာ ၃၀ ခန့်အကွာ မြေအောက် ၂၅ ကီလိုမီတာခန့်အနက်တွင် ဗဟိုပြုပြီး ဒီဇင်ဘာ ၃ ရက်ညက လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ