မနီလာ  ဇွန်  ၁၁

ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအို၏ ကမ်းရိုးတန်းတောင်ပိုင်း၌ ဇွန် ၈ ရက်က  ပြင်းအား  ၇  ဒသမ ၈ အဆင့် ရှိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ  ၄၇ ဦးထက်မနည်းရှိပြီး ပျောက်ဆုံးသူ ၃၁ ဦးနှင့် ဒဏ်ရာရရှိသူ ၆၈၈ ဦးရှိကြောင်း အမျိုးသားဘေးအန္တရာယ်လျော့ပါးရေးနှင့် စီမံခန့်ခွဲမှုကောင်စီ  (NDRRMC)က ဇွန် ၁၁ ရက်တွင် ထုတ်ပြန်သည်။

ငလျင်လှုပ်ခတ်မှုကြောင့် အိမ်ထောင်စု ၇၅၃၀၀ ကျော်၊ လူပေါင်း ၃၄၆၀၀၀ ကျော် ထိခိုက်ခံစားခဲ့ရပြီး  ဒေသခံ ၄၅၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။ ထို့ပြင် နေအိမ် ၁၂၆၀၀ ကျော်ပျက်စီးခဲ့ပြီး လမ်းတံတားများ၊ လေဆိပ်နှင့် ဆိပ်ကမ်းများအပြင် စိုက်ပျိုး မွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်းကဏ္ဍများလည်း ထိခိုက်ခဲ့သည်။ ထို့အပြင် မြို့နှင့် မြို့ပြဒေသ ၄၈ ခုတွင် လျှပ်စစ်ဓာတ်အားဝန်ဆောင်မှုများ ပြတ်တောက်ခဲ့ကြောင်း ကောင်စီက ဆက်လက်ပြောကြားသည်။         

ဆင်ဟွာ