နိုဝင်ဘာ ၁၅

ဖိလစ်ပိုင်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၀၉ ဦး ထပ်မံတွေ့ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

 နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရသူပေါင်း ၄၀၁၉၁၆၃ ဦး ရှိလာသည်ဟု အတည်ပြုထုတ်ပြန်ထားသည်။

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၁၈ ဦး ထပ်မံသေဆုံးခဲ့ပြီး နိုင်ငံအတွင်း ထိုရောဂါဖြင့် သေဆုံးသူပေါင်း ၆၄၄၀၅ ဦး ရှိလာကြောင်း ဖော်ပြထားသည်။

မနီလာမြို့တော်တွင် လူဦးရေ ၁၃ သန်းကျော်ရှိသည့် မြို့တော်မနီလာတွင် ထိုရောဂါကူးစက်ခံရသူ ၂၂၉ ဦး ထပ်မံတွေ့ရှိ ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ဇန်နဝါရီလ ၁၅ ရက်က ထိုရောဂါကူးစက်ခံရသူ ၃၉၀၀၄ ဦးထပ်မံတွေ့ရှိခဲ့ရာ ရောဂါကူးစက်မှုအများဆုံးနေ့တစ်နေ့ဖြစ်ခဲ့သည်။

နိုင်ငံ့လူဦးရေ သန်း ၁၁၀ နီးပါးရှိသည့်အနက် ၇၃ ဒသမ ၆ သန်းကျော်သည် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို