ဖလမ်း ၂၇ သြဂုတ်

ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းအပေါ်ဘက် တောင်စောင်း၌ ဆောက်လုပ်ထားသော ဦးဗျက်လှေထန်းနေအိမ် အနီးတစ်ဝိုက်တွင် မြေကြီးအက်ကွဲကြောင်းများ ဖြစ်ပေါ်နေပြီး ပြိုကျနိုင်သည့် အခြေအနေကြောင့် သြဂုတ် ၂၆ ရက် နေ့လယ်ပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက နီးစပ်ရာ ဆွေမျိုးများနေအိမ်သို့ မိသားစုဝင်များအား ပြောင်းရွှေ့ပေးခဲ့သည်။

 

07

 

အဆိုပါနေအိမ်တွင် နေထိုင်လျက်ရှိသော အိမ်ရှင်မိသားစုဝင်များနှင့် အိမ်ငှားမိသားစုဝင်များကို ဆွေမျိုးများထံသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါနေအိမ်သည် (၃၀×၂၀)ပေရှိ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ (၂)ထပ်ဖြစ်ကာ နေအိမ်တွင် အိမ်ရှင်၊ အိမ်ငှား အိမ်ထောင်စုနှစ်စု မိသားစုဝင် (၁၇)ယောက် နေထိုင်ကြောင်း သိရသည်။

ဂျွန်