ချင်းပြည်နယ် ၄ ဩဂုတ်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ဩဂုတ်လ (၁)ရက် က ဖလမ်းမြို့နယ် အိုင်ကွန်-အိုင်ရဲဘွာလ်-ကြောင်ဟွေ့-ကော်ဆဲ လမ်းကျောက်စီနံရံနှင့် ကွန်ကရစ်ရေမြောင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြောင်း သိရပါသည်။
အဆိုပါ ကျောက်စီနံရံနှင့် ကွန်ကရစ်ရေမြောင်း (၈၀၀x၂x၂)ပေသည် ချင်းပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် (၁၀၆.၃၄၇)သန်းဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရပါသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိုင်ရဲဘွာလ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၊ ပေ(၆၀x၃၀)၊ သွပ်မိုး Steel Structure တစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပါသည်။ အိုင်ရဲဘွာလ် အခြေခံပညာမူလတန်း ကျောင်းဆောင်သစ်သည် ချင်းပြည်နယ် အခြေခံပညာဦးစီးဌာန ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်(၇၀.၅၆၀)သန်းဖြင့် ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း သိရပါသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါလ်သီးကျေးရွာခန်းမ၌ ဒေသခံပြည်သူများနှင့်လည်းကောင်း၊ သီးလုမ်အုပ်စု အုပ်ချုပ်ရေးမှူးနေအိမ်၌ ဒေသခံပြည်သူများနှင့်လည်းကောင်း တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရှိရပါသည်။
# MRTV