ဖလမ်း ၃ စက်တင်ဘာ
အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာနနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့ပေါ်ရှိ စားသောက်ကုန်ဆိုင်များနှင့် အလှကုန်ဆိုင် (၇)ဆိုင်ကို ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် စားသောက်ကုန်ဆိုင် (၆)ဆိုင်နှင့် အလှကုန်ဆိုင်(၁)ဆိုင်ရှိ Shishar (ကွမ်းပေါင်း)၊ Rally (ခိုင်နီး)တို့အား ဓာတ်ခွဲစစ်ဆေးရာတွင် ကျန်းမာရေးနှင့် မကိုက်သောပစ္စည်းများ ဖြစ်ပါသဖြင့် ရောင်းချခြင်း မပြုလုပ်ရန် အသိပညာပေးပြောကြားပြီး စားသောက်ကုန်ဆိုင်မှ တားမြစ်ဓာတုပစ္စည်းဖြစ်သည့် Suncover တံဆိပ်ပါ မျက်နှာလိမ်းဆေးနှင့် Collagen Plus Vitamine-E တံဆိပ်ပါ မျက်နှာလိမ်းဆေးများကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါစစ်ဆေးမှုတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ပူးပေါင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


