ဖလမ်း ၅  နိုဝင်ဘာ

ဖလမ်းမြို့ပေါ်ရှိ အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်ပြည်သူများက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာ ၂၉ ရက်မှစ၍ ကြိုတင်ဆန္ဒမဲများ စတင်ပေးနေပြီဖြစ်ကြောင်း သိရသည်။

ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်အတွင်းရှိ မဲရုံများသို့ လာရောက်ရန် အခက်အခဲရှိသော အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများကို မဲရုံတာဝန်ရှိသူများက နိုဝင်ဘာ ၅ ရက်နေ့က အိမ်တိုင်ရာရောက် လိုက်လံကောက်ယူခဲ့ကြသည်။

အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ကြိုတင်ဆန္ဒမဲများကို နိုဝင်ဘာ ၅ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ပေးရမည်ဖြစ်ကြောင်းနှင့် ဖလမ်းမြို့နယ်တွင် အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင် ၄၉၀၀ ကျော် ရှိကြောင်း ဖလမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ခရိုင် ပြန်/ဆက်