ဖလမ်း ၂၆ သြဂုတ်        

 

အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က သြဂုတ် ၂၆ ရက် နံနက် ၁၀ နာရီတွင် ဖလမ်းမြို့ရှိ စျေးဆိုင်များအား ရှောင်တခင်စစ်ဆေးခဲ့ရာ ငွေကျပ် ၆၀၉၀၀ ခန့်တန်ဖိုးရှိ သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့က စျေးဆိုင်များအား ရှောင်တခင်စစ်ဆေးရာ သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးပြီး သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများအား သိမ်းဆည်းခဲ့သည်။

 

ဖလမ်းမြို့ရှိ စျေးဆိုင်(၁၆)ဆိုင်ကို ရှောင်တခင်စစ်ဆေးရာတွင် (၁၀)ဆိုင်၌ သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး တန်ဖိုးနည်းမုန့်မျိုးစုံနှင့် အချိုရည်များ အများဆုံးပါဝင်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဖလမ်းခရိုင်ရုံး တာဝန်ခံ ဦးသောင်းလွင်ထွန်း၏ ပြောပြချက်အရ သိရသည်။

 

ခရိုင် (ပြန်/ဆက်)