ဖလမ်း ၁၆ ဇူလိုင်    

 

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ဇူလိုင် ၁၆ ရက် နံနက် ၁၀ နာရီတွင် ဖလမ်းမြို့ရှိ ကုန်စုံအရောင်းဆိုင်များတွင် သက်တမ်းလွန် အစားအသောက်များ ရောင်းချခြင်း ရှိ မရှိ ရှောင်တခင် စစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် ဖလမ်းမြို့ရှိ ကုန်စုံအရောင်းဆိုင်များမှ ငွေကျပ်(၄၆၈၀၀)ခန့် တန်ဖိုးရှိ သက်တမ်းလွန်အစားအသောက်များဖြစ်သည့် နာနတ်လမုန့်၊ ဒိန်ခဲ၊ ဘီစကွတ်၊ ငံပြာရည်ကြော် (အိမ်ရှင်မ)၊ ငံပြာရည်ကြော်(ပွင့်ဦး)၊ ငံပြာရည်ကြော်(မင်းသားကြီး)၊ အချိုရည်၊ ဝေဖာ၊ နေကြာစေ့နှင့် ပေါင်မုန့် များကို သိမ်းဆည်းရမိကြောင်း သိရသည်။

 

ဖလမ်းမြို့ရှိ ကုန်စုံအရောင်းဆိုင်များအား စစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန ဖလမ်းခရိုင်ရုံး တာဝန်ခံ ဦးသောင်းလွင်ထွန်း ဦးဆောင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က သက်တမ်းလွန်အစားအသောက်များ ရောင်းချခြင်း ရှိ မရှိ စစ်ဆေးပြီး သက်တမ်းလွန် အစားအသောက်များ ထပ်မံရောင်းချခြင်းမရှိစေရေး၊ စားသုံးရန်မသင့်သည့် အစားအသောက်များ ရောင်းချမှုမရှိစေရေး အသိပေး ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)