ဖလမ်း ၁၇ ဩဂုတ်

 

ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဖလမ်းမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီဝင်များ ပူးပေါင်းကာ ဩဂုတ် (၁၇) ရက်က ဖလမ်းမြို့ရှိ ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာ၊ သက်တမ်းလွန် စားသောက်ကုန်များ သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးရန်မသင့်သော စားသောက်ကုန်များနှင့် မှတ်ပုံတင်ထားခြင်း မရှိသည့် ဆေးဝါးရောင်းချမှုများ မတွေ့ရသော်လည်း၊ သက်တမ်းလွန် စားသောက်ကုန်ရောင်းချမှု များပြားကြောင်း သိရသည်။

 

စားသောက်ကုန် ရောင်းချသူများအနေဖြင့် ကုန်ပစ္စည်းမှာယူ ရောင်းချရာတွင် ကုန်ပစ္စည်း ထုတ်လုပ် သည့် ရက်စွဲနှင့် ကုန်ပစ္စည်းပေါ်တွင် ဖော်ပြထားသည့် သက်တမ်းကုန်ဆုံးရက်များ သေချာစိစစ် ရောင်းချရန်လိုအပ်ပြီး၊ စားသုံးသူများ အနေဖြင့်လည်း ဝယ်ယူစားသုံးမည့် စားသောက်ကုန်များ၏ သက်တမ်းကုန်ဆုံးရက်ကို သေချာကြည့်ရှု ဝယ်ယူရန် လိုအပ်ကြောင်း သိရှိရပါသည်။

 

#MRTV