ဖလမ်း     ၃  နိုဝင်ဘာ

ဖလမ်းမြို့တွင် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပြင်ဆင်မှု အခြေအနေများကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးထာခါးရ်နှင့် အတွင်းရေးမှူး ဦးမင်းခန့်တို့က ဖလမ်းမြို့၊ တလန်လိုရပ်ကွက်ရှိ မဲရုံအမှတ်(၃)၊ ဗလိုင်ရပ်ကွက်ရှိ မဲရုံအမှတ်(၄)၊ ဖါရ်ထောက်ရပ်ကွက်ရှိ မဲရုံအမှတ်(၁)နှင့် ကျင်မွာလ်ရပ်ကွက်ရှိ မဲရုံအမှတ်(၃)များတွင် မဲရုံပြင်ဆင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ မဲရုံမှူးများက မဲရုံကြိုတင်ပြင်ဆင်မှု အခြေအနေများအား အသီးသီးရှင်းလင်းခဲ့ကြကာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့သည်။

ဖလမ်းမြို့ပေါ် ရပ်ကွက်(၈)ခုတွင် မဲရုံ(၂၃)ရုံ ဖွင့်လှစ်မည်ဖြစ်ပြီး မဲဆန္ဒရှင် (၈၁၃၆)ဦးရှိကြောင်း ဖလမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

(ခရိုင် ပြန်/ဆက်)