၁ မတ်

 

ပါကစ္စတန်သည်  ပြီးခဲ့သည့် ၂၇ ရက်နေ့က  အငြင်းပွားဖွယ် ကက်ရှမီးယားဒေသရှိ နယ်စပ်ဖြတ်ကျော်ခဲ့သော အိန္ဒိယတိုက်လေယာဉ်ကို ပစ်ချခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့သော လေယာဉ်မှူးကို ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

mdn

 

နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေး ကိုရှေ့ရှူသည့်အနေဖြင့်  အဆိုပါ လေယာဉ်မှူးကို သောကြာနေ့တွင်  လွှတ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အမ်ရန်ခန် က ပါကစ္စတန် ပါလီမန်ကို ပြောကြားခဲ့သည်။

 

ကက်ရှမီးယားဒေသအတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည့်အတွက် ပါကစ္စတန်ကို အပြစ်တင်ခဲ့သော်လည်း ယမန်နေ့ ညနေပိုင်းက ၎င်းတို့၏ ကြေညာပြောဆိုချက်ကို အိန္ဒိယစစ်တပ်က ကြိုဆိုလက်ခံခဲ့ကြသည်။

 

mdn

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်ပိုင်း ကက်ရှမီးယားဒေသတွင်  အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ ဦးသေဆုံးခဲ့သည့်  ပါကစ္စတန် စစ်သွေးကြွများ၏ အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်  တင်းမာမှု ပိုမိုပြင်းထန်လာခဲ့ကြောင်း ၊ အိန္ဒိယက ပါကစ္စတန်ကို လေကြောင်းတိုက်ခိုက်မှုများ တန်ပြန်ပြုလုပ်ခဲ့ကြောင်းနှင့် ပါကစ္စတန်တပ်ဖွဲ့က လက်တုံ့ပြန်မှုအနေဖြင့် ပြီးခဲ့သည့် ၂၇ ရက်နေ့က အိန္ဒိယတိုက်လေယာဉ် နှစ်စီးကို ပစ်ချခဲ့ကြောင်း ဖော်ပြထားသည်။

 

ထိုလေယာဉ်မှူးကို ပြန်လွှတ်ပေးခြင်းဖြင့် တင်းမာမှုကို လျှော့ချရန် ပါကစ္စတန်အစိုးရက မျှော်လင့်ထားကြောင်း သိရသည်။

 

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို