၁ မတ်
ပါကစ္စတန်သည် ပြီးခဲ့သည့် ၂၇ ရက်နေ့က အငြင်းပွားဖွယ် ကက်ရှမီးယားဒေသရှိ နယ်စပ်ဖြတ်ကျော်ခဲ့သော အိန္ဒိယတိုက်လေယာဉ်ကို ပစ်ချခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့သော လေယာဉ်မှူးကို ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေး ကိုရှေ့ရှူသည့်အနေဖြင့် အဆိုပါ လေယာဉ်မှူးကို သောကြာနေ့တွင် လွှတ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အမ်ရန်ခန် က ပါကစ္စတန် ပါလီမန်ကို ပြောကြားခဲ့သည်။
ကက်ရှမီးယားဒေသအတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည့်အတွက် ပါကစ္စတန်ကို အပြစ်တင်ခဲ့သော်လည်း ယမန်နေ့ ညနေပိုင်းက ၎င်းတို့၏ ကြေညာပြောဆိုချက်ကို အိန္ဒိယစစ်တပ်က ကြိုဆိုလက်ခံခဲ့ကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်ပိုင်း ကက်ရှမီးယားဒေသတွင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ ဦးသေဆုံးခဲ့သည့် ပါကစ္စတန် စစ်သွေးကြွများ၏ အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တင်းမာမှု ပိုမိုပြင်းထန်လာခဲ့ကြောင်း ၊ အိန္ဒိယက ပါကစ္စတန်ကို လေကြောင်းတိုက်ခိုက်မှုများ တန်ပြန်ပြုလုပ်ခဲ့ကြောင်းနှင့် ပါကစ္စတန်တပ်ဖွဲ့က လက်တုံ့ပြန်မှုအနေဖြင့် ပြီးခဲ့သည့် ၂၇ ရက်နေ့က အိန္ဒိယတိုက်လေယာဉ် နှစ်စီးကို ပစ်ချခဲ့ကြောင်း ဖော်ပြထားသည်။
ထိုလေယာဉ်မှူးကို ပြန်လွှတ်ပေးခြင်းဖြင့် တင်းမာမှုကို လျှော့ချရန် ပါကစ္စတန်အစိုးရက မျှော်လင့်ထားကြောင်း သိရသည်။
ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို