လွိုင်ကော် ၁၈ မေ
ဖင်လန်နိုင်ငံ ကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းသောအဖွဲ့သည် လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် “ရပ်ရွာလူထု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း ပိုမိုမြင့်မားရေးစီမံချက်” ပါလုပ်ငန်းများ သတင်းမှတ်တမ်းရိုက်ကူးခြင်း စတုတ္ထနေ့အဖြစ် မေ ၁၈ ရက် နံနက်ပိုင်းမှစပြီး စီမံချက်ပါကျေးရွာဖြစ်သည့် လောပိတကျေးရွာအုပ်စု၊ ကန်နီကျေးရွာအတွင်း ရိုက်ကူးရေးဆောင်ရွက်ခဲ့သည်။

အဆိုပါအဖွဲ့သည် ကန်နီကျေးရွာအတွင်း ထောက်ပံ့ပေးထားသော ဂါလံ (၅၀ဝ၀) ဆံ့ ရေစုကန် တည်ဆောက်ခြင်းနှင့် မိုက်ကန်းရေလှောင်ကန်မှ ရေပိုက်လိုင်း ပေ (၁၇၀ဝ) သွယ်တန်းပေးခြင်း၊ မြေရေစစ်အိုးများ၊ လည်ရှည်ဖိနပ်များ၊ စာသင်ကျောင်းအတွက် ရေသန့်စက် (၁) လုံး၊ အရင်းမပျောက် မတည်ငွေ ကျပ်(၁၀)သိန်းဖြင့် ကျန်းမာရေးကဏ္ဍတွင် အကျိုးရှိစွာ အသုံးပြုမှုအခြေအနေများကို လည်းကောင်း၊ မိသားစုတစ်စု၏ တစ်နေ့တာ လှုပ်ရှားဆောင်ရွက်မှု အခြေအနေ၊ ယခင်က ရေရှားပါးမှုကြောင့် ကျေးရွာမှတစ်နာရီခန့် သွားရသော ချောင်းထဲတွင် ရေခပ်စဉ် ကလေးပြုတ်ကျရာမှ ရေနစ်သေဆုံးခဲ့သည့် ဖြစ်စဉ်များကိုလည်းကောင်း၊ ယခုအခါ ရေသိုလှောင်ကန် ထောက်ပံ့ထားပေးမှုကြောင့် အိမ်တိုင်ရာရောက် ရေရနေပြီဖြစ်သဖြင့် ရေရှားပါးမှု အခက်အခဲများကို ကျော်လွှားနိုင်ခဲ့သည့် အခြေအနေများကိုလည်းကောင်း တွေ့ဆုံမေးမြန်းရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
လွိုင်ကော်သား