နေပြည်တော် ၆ ဇွန်
ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ညီလာခံ ( United Nations Conference on Trade and Investment-UNCTAD) နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး UNCTAD မှ Small Island Developing States(SIDS)ဌာနမှူး Mr.Pierre Encontre တို့က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး၊ ဆွေးနွေးပွဲကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေး LDC Graduation အတွက် ကူးပြောင်းသည့်အချိန်တွင် လွယ်ကူချောမွေ့စေရေး၊ အခွင့်အလမ်း ကောင်းများရရှိစေရေး၊ အခြားနိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာနိုင်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ထောက်ပံ့မှုများ ဆက်လက်ခံစားခွင့်ရရှိနိုင်ရေးတို့အတွက် အထောက် အကူဖြစ်နိုင်ရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)