သံဖြူဇရပ် ၁၅ ဇူလိုင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား ကျေးလက်နေပြည်သူများကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခပေးချေးမည့် Cash For Work (CFW) စီမံကိန်းကို သံဖြူဇရပ်မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့မှ ဦးဆောင်၍ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျေးရွာ(၁၁)ရွာတို့တွင် စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်း၊ ကျေးရွာကော်မတီဝင် ရွေးချယ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါကျေးရွာများမှ ကော်မတီဝင် ၆၀ ကို ကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်း သင်ကြားပို့ချခြင်းများကို ဆောင်ရွက်ပေးခဲ့ ကြောင်း မြို့နယ်ဉီးစီးမှူး ဒေါ်တင်ဝေနှင်းက ပြောသည်။
နိုင်ငံတော်မှ ချမှတ်ထားသည့် ကိုဗစ် - ၁၉ ကာလ စီးပွားကုစားမှုအစီအစဉ် Covid -19 Economic Relief Plan ( CERP )အရကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် Cash For Work (CFW) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့်ကျေးရွာ (၁၁)ရွာတို့မှ ကျေးရွာကော်မတီဝင် ၆၀ တို့ကို ကျေးရွာ အဆင့်စီမံခန့်ခွဲမှု သင်တန်းကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျောင်းပိုင်ရပ် ဗိုလ်နေဝင်းလမ်းရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဘုရင်နောင်ခန်းမ၌ ဇူလိုင် ၁၄ ရက် နံနက် ၁၀ နာရီက သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် သံဖြူဇရပ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်တင်ဝေနှင်းက အမှာစကားပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ လူထုဗဟိုပြုစီမံကိန်း ပြည်ထောင်စုအဆင့် နည်းပညာအကြံပေးနှင့် စီမံကိန်းသင်တန်းမှူး ဦးစွမ်းထက်အောင်မြင် (Infrastructure Assistant)၊ ဦးစောသိန်းသန်းထွန်း (အငယ်တန်းအင်ဂျင်နီယာ)၊ ဦးခိုင်ဇော်မိုး (Training Assistant)၊ ဦးအောင်အောင်(အကြီးတန်းစာရေး) အဖွဲ့မှ တက်ရောက်လာကြသောကျေး ရွာ(၁၁)ရွာတို့မှ သင်တန်းသား သင်တန်းသူ ၆၀ တို့ကို သင်တန်းသင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးသန်းဇော်ဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဉီးစီးမှူး ဒေါ်တင်ဝေနှင်းနှင့် တာဝန်ခံ ဝန်ထမ်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ လူထုဗဟိုပြုစီမံကိန်း ပြည်ထောင်စုအဆင့် နည်းပညာအကြံပေးနှင့် စီမံကိန်းသင်တန်းမှူး ဦးစွမ်းထက်အောင်မြင်၊ စီမံကိန်း ဆောင်ရွက်မည့်ကျေးရွာ(၁၁)ရွာမှ ကော်မတီဝင် ၆၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြင့်ဉီး(မြိတ်)


