ဖရူဆို   ၂၁  အောက်တိုဘာ       

 

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မှ တာဝန်ရှိသူများက ဟင်းချက်ရာမှ မီးဖိုဆောင်နံရံ ကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော ထီးတရဲရပ်ကွက်ရှိ အိမ်ထောင်စုအား ကယ်ဆယ်ရေးရေးပစ္စည်း(၂၁)မျိုးနှင့်  ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထီးတရဲရပ်ကွက်ရှိ မီးဘေးသင့် အိမ်ထောင်စုအား စားနပ်ရိက္ခာနှင့် နေအိမ်ပြန်လည်ပြုပြင် ဆောင်ရွက်နိုင်ရန်အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဂျေရောလမို့ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း (၂၁)မျိုး၊ ဆန်ရိက္ခာဖိုး ငွေကျပ်(၁၄၇၀ဝ)နှင့် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် (၁၀ဝ၀ဝ၀)တို့ကို မီးဘေးသင့်အိမ်ထောင်စုထံ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်