ဖရူဆို ၉ စက်တင်ဘာ
နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းသူများ၏ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ သွားရောက်ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်/အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးတို့က ဖရူဆိုမြို့နယ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အမြင်အာရုံ၊ အကြားအာရုံမသန်စွမ်းသူ၊ ဉာဏ်ရည်မသန်စွမ်းသူ စုစုပေါင်း (၁၂၀)အတွက် စားဝတ်နေရေးအဆင်ပြေစေရန် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)


