ဖြူး  ၁၃   ဩဂုတ်

 

ဖြူးမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ဆေးဆိုင်များကို ယနေ့ နံနက် ၁၀ နာရီက သွားရောက်စစ်ဆေးခဲ့သည်။

 

အဆိုပါ ကော်မတီအဖွဲ့သည် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ၊ ပျက်စီးဆေးဝါးများ၊ ရောနှောဆေးဝါးများ၊ ဘေးဥပါတ်ဖြစ်စေသည့်ပစ္စည်းများဖြင့် ဖော်စပ်ထားသောဆေးဝါးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော သုံးစွဲရန်မသင့်သည့် ဘေးအန္တရာယ်ရှိဆေးဝါးများ၊ ဆေးဝါးသက်တမ်းကုန်ဆုံးရက် ရောက်ရှိ/ ကျော်လွန်နေသောဆေးဝါးများ၊ မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများ၊ တရားမဝင်တင်သွင်းသော ဆေးဝါးများကို ဆိုင်တင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြသည်။

 

ထိုသို့ စစ်ဆေးရာတွင် ပြည်သူများ၏ ကျန်းမာရေးနှင့် ဆေးဝါးများကြောင့်ဘေးအန္တရာယ် တစ်စုံတစ်ရာ မဖြစ်စေရန်အတွက် ရည်ရွယ်ပါကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာဖြိုးဝေဝင်း က ပြောကြားသည်။

 

မနွယ်(ဖြူး)