ဖြူး ဇွန် ၃

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ရာ အထက ၁၀ ကျောင်း၊ အထက(ခွဲ) လေးကျောင်း၊ အလက သုံးကျောင်း၊ အလက(ခွဲ) ၁၉ ကျောင်း၊ မူလွန် ၈၃ ကျောင်း၊ မူလတန်း ငါးကျောင်း၊ မူလတန်းခွဲ လေးကျောင်း စုစုပေါင်း ၁၂၈ ကျောင်းတို့တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၁၆၀၉ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)