ဖြူး စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖြူးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပဲခူးတိုင်းဒေကြီး (အရှေ့) ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆီဝယ်လိုသူတိုင်း မည်သူမဆို ဝယ်ယူနိုင်ရေးအတွက် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက မြို့မစျေးအနီး စွန်မင်းကုန်စုံဆိုင်ရှေ့တွင် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် စားအုန်းဆီ တစ်ပိဿာ ငွေကျပ် ၅၄၀၀ ဖြင့် တစ်ဦးလျှင် ဆီ ၅၀ ကျပ်သား ရောင်းချပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)
