ဖြူး ဩဂုတ် ၂၀

 

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ စျေးနှုန်းချိုသာစွာဖြင့် ဆန်ဝယ်ယူစားသုံးနိုင်စေရေးအတွက် ရည်ရွယ်ကာ  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖြူးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပဲခူးတိုင်းဒေကြီး(အရှေ့) ဆန်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဒေသခံ ပြည်သူများအား ဆန်တစ်ပြည်လျှင် (၁၆၀၀)ကျပ်နှုန်းဖြင့် ယနေ့ နံနက်ပိုင်းက မြို့မစျေးတွင် စတင်ရောင်းချပေးနေလျက်ရှိကြောင် သိရသည်။

 

ထိုသို့ရောင်းချပေးရာတွင် ဖြူးမြို့နယ်အတွင်း သင့်တင့်သည်ဆန်အမျိုးအစားအား စျေးနှုန်း လျှော့ချကာ ဆန်တစ်ပြည်လျှင် (၁၆၀၀)ကျပ်နှုန်း ဆန်အိတ်(၃၀)အိတ်၊ (၇၂၀)ပြည်ကို  ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)